နေပြည်တော် အောက်တိုဘာ ၄
မွန်ပြည်နယ်အတွင်းရှိ MSME အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကျောက်တန်းစက်မှုနယ်မြေ၊ ငွေမိုးကွန်ကရစ်ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျောက်တန်းစက်မှုနယ်မြေ အတွင်းရှိ ငွေမိုးကွန်ကရစ်ကုမ္ပဏီလီမိတက်၏ ဘိလပ်မြေဖျော်စက်၊ ငရုတ်သီးမှုန့်နှင့် အမှုန့်မျိုးစုံ စက်ရုံ၊ ရော်ဘာစက်ရုံနှင့် ရွှေဝါမြေဝဥစက်ရုံတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment