နေပြည်တော် အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီဝင်း အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် မော်တော်ယာဉ်ဂိုဒေါင် အဆောက်အဦဆောက်လုပ်နေမှုကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မော်တော် ယာဉ်ဂိုဒေါင် ပေ ၆၀ × ပေ ၂၀ Steel Structure အဆောက်အဦ ဆောက်လုပ်နေမှု၊ မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ Apron & Drain လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ အရည်အသွေးစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(IPRD)
No comments:
Post a Comment