နေပြည်တော် အောက်တိုဘာ ၇
ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊
နေပြည်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊
ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊
ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်အဖြစ်
“တိုင်းပြည်သာယာဝပြော ရေး”နှင့် “စားရေရိက္ခာဖူလုံရေး”တို့ကို
ဦးတည် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များအတွက် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးသည်
အခြေခံလိုအပ်ချက်ဖြစ်ပြီး လူမှုရေးဦးတည်ချက်၌ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး
အတွက် ပြည်သူများအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေး” ပါဝင်ကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဦးတည်ချက်များကို ပြည့်မီအောင်လုပ်ငန်းစဉ်များ
ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့
ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး
ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို သိရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မွေးစမှသေဆုံးသည်အထိ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု(Life
cycle approach)ဖြင့် ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊
တိုက်ကျွေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း၊ မိခင်ကလေးကျန်းမာရေး
စောင့်ရှောက်မှုများကိုလည်း အလေးထားဆောင်ရွက် ရန်နှင့် မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုများ
လျော့ကျနိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ၊ ကျန်းမာရေးစောင့်
ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုများကို စနစ်တကျ ဆန်းစစ်မှုဆောင်ရွက်နိုင်ရန်အတွက် Hospital
Information System, Health Management Information System (HMIS) တို့ကို ပိုမိုအားကောင်းအောင်
ကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း
ပြောကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးကလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေကို အကျိုး ရှိစွာ စနစ်တကျဆောင်ရွက်ကြရန်နှင့်
အဂတိ ကင်းရှင်းရေးအတွက် အဆင့်ဆင့်ကြီးကြပ် ဆောင် ရွက်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်
မှုလုပ်ငန်းများကို ပြည်သူများသိရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရရှိနိုင်စေရေး
ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက်
နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများက
သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို တင်ပြကြပြီး
အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။
အဆိုပါ
အစည်းအဝေးကို အောက်တိုဘာ ၉ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment