နေပြည်တော် အောက်တိုဘာ ၇
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ နေပြည် တော်စီလမ်းဆုံတိုးဂိတ်၊ နေပြည် တော် မီနီတိုးဂိတ်၊ သာဂရတိုးဂိတ်၊ တောင်ငူတိုးဂိတ်၊ အုတ်တွင်းတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနက်ကြီးတိုးဂိတ်၊ အမှတ် (၃) တိုးဂိတ်တို့မှ လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သိုင်းချောင်း ရေလမ်းကြောင်း ထိန်းသိမ်းရန်အတွက် ရေကာတုတ် ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု နှင့် AC ကတ္တရာဖြင့် လမ်းပေါက်များ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်း အရေအတွက်နှင့် ကောက်ခံရရှိငွေ
မှန်ကန်စွာစာရင်းရေးသွင်းရေး၊ ငွေကောက်ခံရရှိမှု ဖြတ်ပိုင်းများအား စနစ်တကျမှတ်တမ်းထား
ရှိရေး၊ တိုးဂိတ်များတွင် လမ်း အသုံးပြုခ ကောက်ခံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေ
ရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တည်ဆောက်ရေး (၁) အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ
အဆောက်အဦဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သန်းနှင့် အင်ဂျင်နီယာချုပ်
(လျှပ်စစ်) ဦးကြည်လှိုင်ဝင်း တို့က ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်
စီမံကိန်းဆိုင်ရာ အချက်အလက်များ ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ မှာကြားပြီး ရန်ကုန်တိုင်းဒေသကြီး
လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ
ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက
တိုင်းဒေသကြီးအတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံ ရေးကင်းရှင်းပြီး ဝန်ထမ်းကောင်း စိတ်ဓာတ်မွေးမြူပြီး
တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း မှာကြားပြီး တင်ပြချက်များအပေါ် လုပ်ငန်း လိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်

No comments:
Post a Comment