Friday, October 6, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်ပေးရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ လူသားချင်းစာနာမှုအကူအညီလိုအပ်သူနှင့် နေရပ်စွန့်ခွာသူဆိုင်ရာ ကိန်းဂဏန်းထုတ်ပြန်ရာတွင် မြေပြင်အခြေအနေနှင့် ကိုက်ညီစေရေးအတွက် ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment