တရုတ် - မြန်မာ နှစ်နိုင်ငံစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးအတွက် အကြိုပြုလုပ်သည့် တရုတ် - မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊
တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြပြီး တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့်
ကျေးလက်ရေးရာ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံစိုက်ပျိုးရေးပညာရှင်အဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့များနှင့် နှစ်နိုင်ငံ သံရုံးကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနည်းပညာနှင့်ပညာရေးဦးစီး
ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhang Zhenhua နှင့် စီမံကိန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်
ဦးကျော်ဆွေလင်းတို့က အမှာစကားပြောကြားကြသည်။
အစည်းအဝေးတွင်
စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး
ဆောင်ရွက်ခြင်း၊ ဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်မှု ပိုမိုအားကောင်းလာစေရေး
ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
အပူပိုင်းဒေသသီးနှံ ဆိုင်ရာစိုက်ပျိုးရေးနည်းပညာများ စမ်းသပ်ခြင်း၊ လက်တွေ့ပြသခြင်း၊
အပူပိုင်းဒေသသီးနှံ စိုက်ပျိုးရေး နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး
ဆောင်ရွက်ခြင်း၊ ငါး/ပုစွန် သားဖောက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝငါးမျိုးစိတ်
ဆိုင်ရာသုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
ခေတ်မီငါးလုပ်ငန်းဖွံ့ဖြိုးရေးဇုန် တည်ထောင်ရေးစီမံကိန်း အဆိုပြုနိုင်ရေး ဆွေးနွေးခြင်း၊
နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများ ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
မွေးမြူရေးတိရစ္ဆာန် မျိုးပွားခြင်းလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ မွေးမြူရေး
ရေလုပ်ငန်းတောင်သူများအတွက် သင်တန်းနှင့်တိုးချဲ့ပညာ ပေးရေးဗဟိုဌာန တည်ထောင်ခြင်း၊
တရုတ် - မြန်မာတက္ကသိုလ်များအကြား
တိရစ္ဆာန်အာဟာရ ဗေဒ၊ တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် တိရစ္ဆာန်သားစပ်ခြင်းဆိုင်ရာ
သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဇီဝနည်းပညာနှင့် မျိုးဗီဇဆိုင်ရာ နိုင်ငံတကာအဆင့်မြှင့်
သုတေသနဗဟိုဌာန တည်ထောင်ခြင်း စသည့်ဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment