နေပြည်တော် ဩဂုတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်အေးမြင့် သာယာကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
စဉ်ဆက်မပြတ်ဆောင်ရွက်
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော
ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာနှင့် သာယာအေးကျေးရွာတို့တွင် ဆင်သေချောင်းယာယီချောင်းပိတ်ပြီး
လျှပ်စစ်ရေတင်လုပ်ငန်းများ ရေရှည်ထိန်းသိမ်းမှု၊ ပုံမှန်လည်ပတ်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုများကို
ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများရေရှည်တည်တံ့ရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးနိုင်သည့်မြေများတွင် ရာသီအလိုက်သီးနှံများ
အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း (Smart Village)
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာဓမ္မာရုံ၌
ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး
မိုးစပါးအပြီးဆောင်းသီးနှံနှင့် နွေသီးနှံများစိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးကောင်းမျိုးသန့်၊
သွင်းအားစုများနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာရှိစိတ်တူကိုယ်တူ
ဆန္ဒတူသူများစုပေါင်း၍ သမဝါယမ အသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်
လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်၊
မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း
(RBF) ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးအစုအဖွဲ့လေးဖွဲ့ဖြင့် DYL အသားတိုးဝက်မျိုးနှင့်
ဒေသဝက်မျိုးများ မွေးမြူထားမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှသွင်းအားစုများ
ထောက်ပံ့မှုဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ဝက်မွေးမြူသူများအနေဖြင့်
ဝက်ရောဂါများ မကျရောက်စေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်
ချိတ်ဆက်ဆောင်ရွက် နိုင်ရေးမှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment