လားရှိုး သြဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၉)ရက် နံနက်(၉)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာ(၁)ခုအတွက် ကျပ်(၄.၃၂)သန်း၊ ပရဟိတဂေဟာ(၁၃)ခုအတွက် (၉၉.၂၆)သန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၉၀)ကျောင်းအတွက် (၈၆.၄၀)သန်းတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် လားရှိုးခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်(၂၄၅၆)ဦးနှင့် ကလေး(၅၀၈၇)ဦး တို့အတွက် ထောက်ပံ့ငွေကျပ်သန်းပေါင်း(၃၂၄.၃၉)သန်း၊ ကျောက်မဲခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၃၂၅၈)ဦး၊ ကလေး(၆၉၀၄)ဦး ထောက်ပံ့ငွေကျပ်သန်းပေါင်း (၄၃၈.၇၆)သန်း အားလည်းကောင်း၊ မူဆယ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၁၁၃၅)ဦး၊ ကလေး(၁၅၃၆)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၁၁၇.၀၁)သန်းအားလည်းကောင်း၊ လောက်ကိုင်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၃၂)ဦးနှင့် ကလေး(၂၃၆)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၁၁.၅၀)သန်းအားလည်းကောင်း၊ မိုးမိတ်ခရိုင်အတွင်း ကိုယ်ဝန်ဆောင်(၄၉၆)ဦး၊ ကလေး(၈၀၉)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၅၆.၆၂)သန်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စုစုပေါင်းထောက်ပံ့ငွေ ကျပ်သန်ပေါင်း(၉၄၈.၃၀)သန်းတိတိတို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ထောက်ပံ့ကြေး ပေးရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆင်းရွှေလီဘိုးဘွားရိပ်သာ၊ လားရှိုးခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၇)ခု၊ ကျောက်မဲခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၂)ခု၊ မူဆယ်ခရိုင်အတွင်းရှိ ပရဟိတဂေဟာ(၄)ခုတို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက လားရှိုးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅၂)ကျောင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၂၉)ကျောင်း၊ မူဆယ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၇)ကျောင်းတို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ လောက်ကိုင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁)ကျောင်း၊ မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁)ကျောင်း၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောကလေးများ ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအားထောက်ပံ့ရာ "ဝ"စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ (ရှမ်းမြောက်)၊ မြောင်ဇီး(ခ)မှုန့် ယဉ်ကျေးမှုအဖွဲ့၊ လားဟူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပလောင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရှမ်းမြောက်)တို့အား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ပေးအပ်၍လည်းကောင်း၊ လားရှိုးမြို့မှ ကိုယ်ဝန်ဆောင်(၂)ဦးနှင့် လားရှိးမြို့မှ အသက်(၂)နှစ်အောက် ကလေးသူငယ်(၂)ဦးအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment