Thursday, August 31, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

 


လားရှိုး သြဂုတ် ၃၁

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၈)ရက်ညနေပိုင်းက လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ သွားရောက်၍ လားရှိုးမြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တတပုညနန္ဒ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

 




ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၉)ရက် နံနက်(၉)နာရီက လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်ရာ လားရှိုးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထွေးမှ စိုက်ပျိုးရေး စပါးမျိုးအရည်အချင်းလက္ခာများ၊ သီးနှံဖျက်ပိုးများနှင့် PH တိုင်းကိရိယာအကြောင်းများ ရှင်းလင်းပြီး တောင်သူများအား လားရှိုးဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးက သက်တမ်း (၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြ၍ မြေသြဇာချိန်ပြဇယားကို ရှင်းလင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စိုက်ပျိုးရေး ဒုတိယပြည်နယ်ဦးစီးမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးမှူးတို့က တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ကြပြီး ဆုံကွယ်ကျေးရွာအုပ်စုဆုံကွယ်ရှိ တောင်သူဦးထွန်းလူ စိုက်ပျိုးထားသော SR-456 စပါးစိုက်ခင်းအား ဓါတ်မြေသြဇာ ကြဲပက်နေမှုနှင့် ဓါတ်မြေသြဇာစပ်နည်းတို့ကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ရိုးမရတနာမှ မွေးမြူထားသော ဥစားကြက်(၃)သောင်းခန့် ကြက်ခြံအား သွားရောက်ကြည့်ရှုရာ ခြံတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြက်ခြံအား လှည့်လည်ကြည့်ရှုကြပြီး ကြက်စာအတွက် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းခြံအား ကြည့်ရှုကြသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် အစေ့ထုတ်ပြောင်းဧက လေးသိန်းတစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး စပါးသီးနှံပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသော ဝင်ငွေရသီးနှံတစ်မျိုးအနေဖြင့် စပ်မျိုးများကိုသာ အဓိကစိုက်ပျိုးပြီး တစ်ဧကလျှင် ပျှမ်းမျှ(၇၂)တင်းကျော် ထွက်ရှိကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ SWEL HEIN GROUP ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသော သစ်အချောထည်အဆင့်မြင့် ပရိဘောဂမျိုးစုံ၊ ပြတင်း၊ တံခါးနှင့် ကျည်းဘောင်၊ ပါကေးမျိုးစုံ၊ လှေကားလက်ရန်း၊ ပွတ်လုံးမျိုးစုံ၊ CNCပန်းချီ စကာတင်၊ ကော်နက်နှင့်သစ်ဖြင့် ပြုလုပ်ရသည့် အိမ်တွင်းအလှပစ္စည်းအမျိုးမျိုး အရောင်းပြခန်းအား သွားရောက်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးပြည်သူ့ဆေးရုံအားသွားရောက်၍ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အာဟာရပြည့် စားစရာပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လားရှိုးပြည်သူ့ဆေးရုံအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment