ကွမ်းလုံ သြဂုတ် ၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၁၁)နာရီက လားရှိူးခရိုင် ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်အား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွမ်းလုံတံတားကြီး စီမံကိန်း ကဗ္ဗည်းမော်ကွန်းနှင့် သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရှင်းလင်းဆောင်ခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့(၄) ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွေးမှ သံလွင်မြစ်ကူး(ကွမ်းလုံ) တံတားသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တံတားတည်ဆောက်ရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွမ်းလုံမြို့ရှောင်လမ်း၊ ကွမ်လုံမြို့ကြိုးတံတားတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော မြန်မာနိုင်ငံကွမ်းလုံတံတားစီမံကိန်းဖြစ်ပြီး ပင်မတံတား အရှည်မှာ(၂၈၆)မီတာ နှစ်ဖက်ချဉ်းကပ်လမ်း၏ စုစုပေါင်းအရှည် (၄.၃၀)ကီလိုမီတာ၊ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် ပြီးစီးကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)
No comments:
Post a Comment