Thursday, August 31, 2023

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 


လားရှိုး ဩဂုတ် ၃၁

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီ အချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

 




အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ် ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပနေမှုများကို ကြည့်ရှုအားပေးပြီး ပဖည်နယ်ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုရ ကျောက်မဲခရိုင်အသင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသင်းတို့အား ဆုများပေးအပ်ချီးမြှင့်ပြီး ပြေး၊ ခုန်၊ ပစ်အတန်းလိုက် တစ်ဦးချင်းဆုရရှိသူများကို တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်အဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment