နေပြည်တော် ဩဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားသို့
ကြွရောက်လာကြသော အရာထမ်း၊ အမှုထမ်းများ အားလုံး၊ ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို တစ်ချိန်တည်း၊
တစ်ရက်တည်းကျင်းပနေကြသော အဆင့်ဆင့်သောဥပဒေရုံးများရှိအရာထမ်း၊ အမှုထမ်းအားလုံး စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေ၊
ဘေးရန်အပေါင်း ကင်းဝေးကြပါစေလို့ ဦးစွာဆုတောင်းစကား ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏
လမ်းညွှန်ချက်အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးတွင်
ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်
ဌာနကြီး ငါးခုဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်း ခဲ့ပါကြောင်း၊
အခက်အခဲများကြား၊ စိန်ခေါ်မှုများကြားမှ လုပ်ငန်းများအောင်မြင်မှုရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက်
နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် အဆင့်ဆင့်သော ဥပဒေရုံးများရှိ
အရာထမ်း၊ အမှုထမ်းအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့်
ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားအတွက် နှုတ်ခွန်းဆက်
ဆုတောင်းစကားများ ပြောကြားကြသည်။
ဆက်လက်၍
ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ အဆင့် ဆင့်သော
ဥပဒေရုံးများ၏ နှစ်နှစ်တာလှုပ်ရှား ဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းများကို ကြည့်ရှုကြ
သည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း
စုစုပေါင်း ၅၄၇ ဦးအတွက် ရုံးတူညီဝတ်စုံ များကို ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု
ရှေ့နေချုပ်က အမျိုးသမီးများအတွက် ကိုယ်စားလှယ် တစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်
ဒုတိယ ရှေ့နေချုပ်က အမျိုးသားများအတွက် ကိုယ်စားလှယ် တစ်ဦးကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး
ဗလာမပါ ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment