နေပြည်တော် ဩဂုတ် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဧရာဝတီ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက်
ဒေသသုတေသနဗဟိုဌာနတာဝန်ရှိသူများ၊ သုတေသီများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ
မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသနှင့်ကိုက်ညီသည့်သီးနှံမျိုးများ ဖော်ထုတ်ပေးခြင်းနှင့်အတူ
တောင်သူများလက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်ကျင့်သုံးနိုင်ပြီး အကျိုးရှိထိရောက်စေမည့်
စိုက်ပျိုးရေးနည်းပညာများ ဖော်ထုတ်ခြင်းကို အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ စိုက်ပျိုးသူတောင်သူများကိုယ်တိုင်
ပါဝင်ဆောင်ရွက်သော သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပြီး ဒေသ၏သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင်
အဓိကတွေ့ကြုံရသည့် အခက်အခဲပြဿနာများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရေး ဦးတည်ချက်ထားဆောင်ရွက်ရန်လိုကြောင်း၊
ဂေဟစနစ်မျိုးစုံရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဂေဟစနစ်များအလိုက် အထွက်နှုန်း
ကောင်းမွန်ပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်သော မိုးကောင်းသောက်လယ်စပါးမျိုးများ၊ ဆည်ရေသောက်စပါးမျိုးများ၊
အရည်အသွေးကောင်း စပါး မျိုးများ၊ ရေမြုပ်ခံစပါးမျိုးများနှင့် ဆားငန်ဒဏ်ခံစပါးမျိုးများ
စမ်းသပ်ရွေးချယ် ထုတ်လုပ်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ)၏ သင်ကြားသင်ယူမှု လုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည် များမှာကြားခဲ့သည်။
အလားတူ
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍
နိုင်ငံတော်ကလယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း
မြင့်မားလာရေးအတွက် တောင်သူများလိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေးနှင့်
အခြေခံအဆောက် အအုံများကို ကြိုးပမ်းဖြည့်ဆည်းပေးနေမှု၊ စိုက်ပျိုးသည်မှ လယ်ယာကုန်ထုတ်လုပ်မှု
ကွင်းဆက် တစ်လျှောက်တွင် သက်ဆိုင်သူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍများမှ ကြိုးပမ်းအားထုတ်ကြရန်
လိုအပ်ချက်များ၊ လက်တွေ့အသုံးချသုတေသနနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် တောင်သူများကိုယ်တိုင်
ပူးပေါင်းပါဝင်ပေးကြရန်နှင့် မျိုးစေ့ထုတ်အစုအဖွဲ့များ တည်ထောင်ရန်လိုအပ်ချက်များ၊
တောင်သူအချင်းချင်းဖြန့်ဝေသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ
ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက်
ဒုတိယဝန်ကြီးသည် သက်လျင်၊ သက်လတ် စပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment