Wednesday, July 12, 2023

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများနှင့် တွေ့ဆုံ


 နေပြည်တော် ဇူလိုင် ၁၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂)နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံမှူးတို့ကို ယနေ့မွန်းလွဲပိုင်း တွင် Virtual စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရဌာနအဖွဲ့အစည်းများ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ထိတွေ့မှုပိုမိုရယူကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံများ၏ကုန်စည်ပြပွဲများတွင် မြန်မာ့ပို့ကုန်များ ပါဝင်ပြသနိုင်ရေးနှင့် ချိတ်ဆက်မှု ပိုမိုရရှိစေရေး၊ မိမိနိုင်ငံအတွက်အကျိုးရှိစေမည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာရယူ အသုံးချနိုင်ရေး၊ ပြည်တွင်းရှိအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီတောင်းခံမှုများကို Virtual စနစ်ဖြင့် တွေ့ဆုံညှိနှိုင်းကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးရေး၊ သက်ဆိုင်ရာနိုင်ငံများသို့ မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာဖြန့်ဝေပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက်စီးပွားရေးသံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် စီးပွားရေးသံမှူးများက နိုင်ငံအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment