နေပြည်တော် ဇူလိုင် ၁၂
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ အလှူရှင်များကလှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံးဝန်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်က နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည် ဆောင်ရွက်လျက်ရှိကြောင်း၊ လှူဒါန်းငွေများကို
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများသို့
ခွဲဝေလှူဒါန်းပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ
ပြန်လည်ပေးအပ်ကြသည်။
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နေပြည်တော်ကောင်စီ၊
ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ၏ ပထမအကြိမ် လှူဒါန်းငွေမှာ
ငွေကျပ် ၃၆၃၆၀၀၀၀၀ ဖြစ်ပြီး ဒုတိယအကြိမ် လှူဒါန်းငွေမှာ ငွေကျပ် ၆၃၅၇၆၄၀၀ ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင်
နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် နေပြည်တော်အတွင်း
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင်
လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ်များ ထုတ်ချေးပေးလျှက်ရှိသကဲ့သို့ သွင်းအားစုများ
အရည်အသွေးပြည့်မီစွာနှင့် အချိန်မီရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍတွင် မွေးမြူသူများကိုသွင်းအားစုများ
ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ခွင့်ပြုငွေဖြင့်
ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာ များအနေဖြင့်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ ရည်မှန်းချက်ပန်းတိုင်
ပြည့်မီအောင်ဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။
ထို့နောက်
ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံ့စီးပွား
မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment