နေပြည်တော်၊ ဇူလိုင် ၂၅
ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်များ အနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာ မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံ စေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော်သာသနိက အဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချမ
ဟာမင်္ဂလာ အခမ်းအနားများကို မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့(အင်္ဂါနေ့)နံနက်ပိုင်းတွင် ကျင်းပပြုလုပ် မည်ဖြစ်ပါသဖြင့် တက်ရောက်ပူ ဇော်လိုသည့် အလှူရှင်များအနေဖြင့် အောက်ပါပုဂ္ဂိုလ်/ တယ်လီဖုန်း နံပါတ်များသို့ ဆက်သွယ်စာရင်း ပေးပို့ဆောင်ရွက် နိုင်ပါကြောင်း နိဗ္ဗာန်အကျိုး မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။(က) ဦးအာကာမော် ၀၉-၆၇၆၆၄၁၁၆၈
( ခ ) ဦးအောင်ကို ၀၉-၆၇၅၀၀၀၂၁၃
( ဂ ) ဦးသော်ဇင်လှိုင် ၀၉-၆၈၆၁၆၀၉၈၉
(ဃ) ဦးချစ်ဖြိုးနိုင် ၀၉-၆၇၄၂၂၀၀၈၄
( င ) ဦးအေးမင်းထက် ၀၉-၆၆၀၉၈၅၉၅၆
No comments:
Post a Comment