နေပြည်တော် ဇူလိုင် ၂၅
ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့ လမ်းကြောင်းပြန်လည်အသုံးပြု သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့တို့မှ မြို့မိမြို့ဖများ၊ ဘာသာရေးဆရာတော်များ ဌာန ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ တိုင်းမှူးတို့က တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment