Wednesday, July 26, 2023

လမ်းတံတား အခြေခံအ‌ဆောက်အအုံများ အကြမ်းဖက်ဖျက်ဆီးမှုဟူသမျှ ဆန့်ကျင်ရှုတ်ချ



ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း စဉ့်ကိုင်မြို့နယ်အတွင်း မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) တွင် မသမာသူများက ယုတ်မာပက်စက်သော အကြံဖြင့် ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက် မူလီများနှင့် သံလမ်းထိန်းက လစ်များကို  ဖြုတ်ယူဖျက်ဆီးထားမှုကြေင့် မြစ်ငယ်- ရွာသာကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကုန်ရထားတစ်စင်း လမ်းချော်မှု ဇူလိုင် ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် မြန်မာနိုင်ငံရထား ပို့ဆောင်ရေးတွင် အဓိကကျသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပေါ်၌ ရက်သတ္တတစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် ရထားလမ်းကို ဖျက်ဆီးတိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာကြား ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပေ ၆၀ ကွန်ကရစ်တံတားပေါ်တွင် အကြမ်းဖက်သောင်းကျန်း သူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် ရထားလမ်း နှင့် တံတားပျက်စီးမှုများကို အမှတ်(၃) အဆန် လူစီးအမြန်ရထား မောင်းနှင်သူက တွေ့မြင်ကာ အချိန်မီရပ်တန့်နိုင်ခဲ့ မှုကြောင့် ခရီးသည်များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းသည် နိုင်ငံအတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးတွင် အဓိက အရေးပါသည့် အလျောက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီချေးငွေဖြင့် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိရာ စီမံကိန်းပြီးစီးပါက ရန်ကုန်နှင့် မန္တလေးအကြား ရထားခုတ်မောင်းချိန် ရှစ်နာရီဖြင့် အရောက် ခရီးပေါက်နိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ အကြမ်းဖက် အဖျက် သမားများ သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ မြန်မာ့မီးရ ထားလမ်း ကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၁၂ ကြိမ်၊ ရထားတံတား များကို မိုင်းခွဲဖျက်ဆီးခြင်း ၄၁ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ပြီး ဖြစ်သည်။

လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူတို့၏ နည်းလမ်း မျိုးစုံဖြင့် ဖျက်ဆီးမှုများတွင် ရထားလမ်း၊ တံတား၊ ဘူတာများ နှင့် ရထားဝန်ထမ်း နေအိမ်လိုင်းခန်းများသာမက မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ ကားလမ်းများနှင့် မြစ်ကူး၊ ချောင်းကူးတံတားများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ ဓာတ်အားလိုင်းတာဝါတိုင် များနှင့် ထရန်စဖော်မာများ ပါဝင်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ယင်းအဖျက်အဆီးများ စုစုပေါင်း ထောင်နှင့်ချီ၍ ပျက်စီးခဲ့ ပြီဖြစ်သည်။ လမ်းတံတားများ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ် အားတို့သည် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝများအတွက် မရှိမဖြစ်သော အခြေခံ အဆောက် အအုံများဖြစ်ပြီး မည်သည့်အစိုးရလက်ထက်တွင် ဖြစ်စေ ကောင်းသည်ထက် ကောင်းမွန်အောင် တည်ဆောက်နေ ကြရမည်ဖြစ်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းက ပြည်သူ လူထု၏ အကျိုးစီးပွားများနှင့် နေ့စဉ်လူမှုဘဝများကိုပါ ထိခိုက်ပျက်စီးစေသည်။

ပြည်သူများ၏ လူမှု‌‌ရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနှင့် နေ့စဉ် ပရိယေသနဝမ်းစာရှာဖွေရေးတို့တွင် လမ်းတံ တားများ အပါအဝင် အခြေခံအဆောက်အအုံများ ကောင်းမွန်နေမှသာ ဆက်သွယ် ကူးသန်းသွားလာ‌‌ရေး လွယ်ကူ ချောမွေ့နိုင်မည်ဖြစ်သကဲ့သို့ ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်ကောင်း မွန်နိုင်မည်ဖြစ်သည်။ ပြည်သူ လူထုကိုလည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုး တက်မှုကို လည်း ကောင်း ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေ သည့် အခြေခံ အဆောက်အအုံများအား  အကြမ်းဖက်ဖျက်ဆီးသည့် လုပ်ရပ် ဟူသမျှ  ပြည်သူ့အားဖြင့်  ဆန့်ကျင်ရှုတ်ချကြရပါမည့် အကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)


No comments:

Post a Comment