Wednesday, July 12, 2023

ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိ စစ်ဆေး

 


စစ်တွေ ဇူလိုင် ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ဦးမြင့်ဦးနှင့် ဦးမြင့်သိန်းတို့သည် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ၂၀၂၃ ခုနှစ်မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဇူလိုင်လတွင်မှတ်ပုံတင်ခွင့်ရရှိပြီးသော မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို စစ်ဆေးသည်။

နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင် မိုးမြင့်က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသောနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမိန့် ကျပြီးနောက် ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များ တွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေးဆောင်ရွက်သွားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းတင်ပြကြသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိ

ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သည့် ရခိုင့်ဦးဆောင်ပါတီဌာနချုပ်သည် စစ်တွေမြို့ မင်းဂံရပ်ကွက် မင်းစောမွန်လမ်း အိမ်အမှတ်(၁/ဃ/၁)တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၁/၂၀၂၃) ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဌာနချုပ်သည် သံတွဲမြို့နယ် (၈) ရပ်ကွက် (၅) လမ်းအမှတ် (၂၅၄) တွင်တည်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၄/၂၀၂၃) ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသား ပါတီဌာနချုပ်သည် ဘူးသီးတောင်မြို့ သပြေကုန်း အမှတ်(၄) ရပ်ကွက် အိမ်အမှတ် (၂၄၅) တွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၆/၂၀၂၃) ဖြင့်လည်းကောင်း၊ ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဌာနချုပ်သည် စစ်တွေမြို့အကွက်(၁) ဆင်ကူးလမ်း အမှတ်(၁၁၄)တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ်(၁၈/၂၀၂၃)ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဌာနချုပ်သည် ကျောက်တော်မြို့ အထကကျောင်းရှေ့ ပြည်တော်သာရပ်ကွက် စာတိုက်လမ်းအမှတ် (၂၀၂) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၇/၂၀၂၃) ဖြင့်လည်းကောင်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment