Wednesday, July 12, 2023

မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 


နေပြည်တော် ဇူလိုင် ၁၁

မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ကော်ဖီအဓိကတင်ပို့ရောင်းချသော နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများချမှတ်ခြင်းအပါအဝင် ကော်ဖီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့ဖွဲ့စည်းထားရှိမှု၊ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန်အတွက် ကြီးကြပ်မှုကော်မတီသုံးခု ဖွဲ့စည်းထားမှု၊ နိုင်ငံအတွင်း ကော်ဖီကိုတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုးကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးမှုရှိစေရေး အတွက် မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Myanmar Coffee Export Promotion Task Force)ကို ဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ့ကော်ဖီပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်ဖီစိုက်ပျိုးထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုး လာမှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချေးငွေထုတ်ပေးနိုင်မှု၊ ကော်ဖီစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိနိုင်ရေးအပါအဝင် အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်မှုအခြေအနေ၊ ကော်ဖီသီးနှံများမှ ကော်ဖီကုန်ချောထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စွာ တင်သွင်းခွင့်ရရှိနိုင်ရေးနှင့် မြေယာသုံးစွဲမှုအခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment