Monday, July 10, 2023

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၁ ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၀၂ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲစာစစ်ဌာနငါးခု၌ ကျင်းပ

 


နေပြည်တော် ဇူလိုင် ၉

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၂၁ ခုရှိ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၀၂ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာနငါးခု၌ ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီးဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

အလားတူ ဇူလိုင် ၈ ရက်ကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေး စာစစ်ဌာန ၊ အဖွဲ့ဝင် ဦးရဲနိုင်သည် နေပြည်တော်အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော် စာစစ်ဌာန၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာန၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာနတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကားပြောကြားကြသည်။

ဖြေဆိုကြသူ စုစုပေါင်း ၂၀၁၃ ဦးရှိ

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့်စတင်ခန့် အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိပြီး ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေး၊ အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသောရေးဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသူ စုစုပေါင်း ၂၀၁၃ ဦး ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment