Monday, July 10, 2023

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 


နေပြည်တော် ဇူလိုင် ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ရောက်ရှိသည့် ရက် ၆၁ ရက် ကျော်လွန်နေသည့် Iron Pipe ၃၂၉၇၉၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၄၇၉၁၃၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းမကြီးတိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် Balloon Candy ၂၈၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Biscuit Stick ၁၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကို လည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် High Density Polyethylene H.D.P.E ၁၀၀၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်းစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၃၀၁၃၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာ၌ မြဝတီမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Steel Scourer ၃၃၀၀ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၇၅၀၀၀)၊ Black Hair Wax ၅၀၀ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅၀၀၀၀)၊ Black Hair Shampoo ၁၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀)၊ MUD Formula Professional Hair Treatment Cream ၉၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Prime Mover Head တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)နှင့် Hua Yun Semi Trailer နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ SCGC Polyvinyl Chloride Resin ၁၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၈၀၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)နှင့် နောက်တွဲယာဉ် တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Electrical Goods ဖာ ၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅၀၀၀၀၀)၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Prime Mover Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၂၀၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တော ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပြည်ခရိုင်အတွင်း စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၇၆ တန်နှင့် အခြားသစ် ၀ ဒသမ ၉၄၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၉ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၃၅၅၅၂၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment