Saturday, July 8, 2023

ချင်းပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃)သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

 



ဟားခါး ဇူလိုင် ၈

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က မိုခါဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသည့်စာသင်ကျောင်းများ သင်ကြားရေး မပြတ်တောက်စေရေးအတွက် ဦးစားပေး ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ဆုံးလူနေအိမ်များ ပြုပြင်သည့်အဆင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်မှုမှတ်တမ်းများ စနစ်တကျ ထုတ်ဝေနိုင်ရန်လိုကြောင်း အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက် အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှုကော်မတီ (DMC) ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMC) အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်၊ ချင်းပြည်နယ် ကူညီထောက်ပံ့ရေးရန်ပုံငွေ၊ ပစ္စည်းများစိစစ်လက်ခံရေးနှင့် ပြန်လည်ဖြန့်ဝေရေးကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်သာသနာရေးမှူးတို့က ဆေရုံး/ဆေးခန်းများနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ပျက်စီးသွားသော စာသင်ကျောင်းများနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးကျောင်း များနှင့်ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )

No comments:

Post a Comment