Saturday, July 8, 2023

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ဇော်အေး၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှု


 

ကျောက်တလုံးကြီး       ဇူလိုင် 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးသည်  အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ပြည်ထောင်စုအဆင့်သို့ တင်ပြရမည်ဆိုပါက တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အဆင့်ဖြင့် ဖြေရှင်းရမည်ဆိုပါက ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment