Saturday, June 17, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့်ပို့ဆောင်



နေပြည်တော် ဇွန် ၁၆

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ)မှ ထောက်ပံ့ရေးရေယာဉ် တစ်စင်းသည် မိုးကာတဲ ၁၀၅ လုံး၊ စားသောက်ဖွယ်ရာမျိုးစုံ အိတ် ၁၅၀၀၊ ဆေးဝါးမျိုးစုံ ၅၃၄ ပုံး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ စားသုံးဆီဘူးများပါဝင်သော စက္ကူဖာ ၂၄၅၀၊  အချိုရည် ၄၆ ကတ် စုစုပေါင်း ကုန်တန်ချိန် ၁၃၀ အား ရန်ကုန်မြို့၌တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်း တွင် ထွက်ခွာခဲ့သည်။

အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း များအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment