Sunday, June 25, 2023

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအများစုသည် ကျေးလက်ဒေသများ၌ တည်ရှိနေသဖြင့် စိုက်ပျိုးရေးမွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရမည်

 




နေပြည်တော် ဇွန် ၂၄

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် စစ်တွေမြို့ ကစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေ ဘုရားပတ်ဝန်းကျင်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် အနောက်ပိုင်း ရေတပ်ကွပ်ကဲမှု ဌာနချုပ်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စတုဒိသာကျွေးမွေးရန် ပြင်ဆင်ချက်ပြုတ်နေမှုများကို ကြည့်ရှုအားပေးသည်။

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းနွယ်မင်းဂံကျေးရွာ၊ ချောင်းနွယ်မင်းဂံ ကျောင်းတိုက်အတွင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ဆေးကုသမှုခံယူနေကြသူများကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် ပြည်သူလူထုအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းနွယ်မင်းဂံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိဓဇအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအများစုသည် ကျေးလက်ဒေသများ၌ တည်ရှိနေသဖြင့် စိုက်ပျိုးရေး မွေးမြူရေးသမဝါယမအသင်း များ ဖွဲ့စည်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရည်ရွယ်ချက် တူညီသူများဖြင့် သမဝါယမအသင်းများဖွဲ့စည်းပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မိရိုးဖလာ စပါးမျိုး စိုက်ပျိုးခြင်းထက် ဒေသနှင့်ကိုက်ညီပြီး အထွက်တိုးစေမည့် မျိုးစပါးများကိုသာ စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လည်းအစုအဖွဲ့ဖြင့် ခြံလှောင်မွေးမြူသည့်စနစ်ကို ဆောင်ရွက်ကြစေလိုကြောင်း၊ နို့စားနွား၊ ခိုင်းနွားနှင့် ဒေသန္တရ နွားများမွေးမြူခြင်းအတွက် နေပီယာမြက်ကို စီးပွားဖြစ် စိုက်ပျိုးကြစေလိုကြောင်း။

နည်းပညာအကူအညီ လိုအပ်သည်များကို ထောက်ပံ့ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အသား တိုး ကြက်များမွေးမြူရေး ဆောင်ရွက်သွားကြမည်ဆိုပါက လိုအပ်သည်များကို ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့်သွင်းအားစုများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ “မ” တည် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာတွင် သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် လုပ်ငန်းများ အောင်မြင်နေမှုကိုတွေ့မြင်နိုင်ကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများမြင့်မား ရေးနှင့် ဝင်ငွေတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့်စပ်လျဉ်းသည့် လိုအပ်သော အကူအညီအထောက်အပံ့များနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်တာဝန်ရှိသူများက နွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မြစိမ်းရောင်စီမံကိန်းနှင့်စပ်လျဉ်းသည့် ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့မှ သမဝါယမအသင်းကိုယ်စားလှယ်များ၊ မြစိမ်းရောင်စီမံကိန်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မွေးမြူရေး အစုအဖွဲ့နှင့် ရေလုပ်ငန်းအစုအဖွဲ့တို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး မွေးမြူရေးနှင့် စပ်လျဉ်း၍တွေ့ကြုံ ရသည့် အခက်အခဲများကို မိမိဌာနတာဝန်ရှိသူများနှင့် ဆက်သွယ် တွေ့ဆုံညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် အလျင်အမြန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက် ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်မပျက် သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့ကို သန့်ရှင်းသာယာလှပသည့် မြို့ဖြစ်စေရန် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် သတ်သတ်မှတ်မှတ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment