Sunday, June 25, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကံ့ကော်ပျိုးပင် ဦးဆောင်စိုက်ပျိုးပေး

 


နေပြည်တော် ဇွန် ၂၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပျိုးပင်များကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တည်ဆောက် ရေးညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ မဟာဓာတ် အားလိုင်းမှူးရုံးများ၊ ဓာတ်အားခွဲရုံများနှင့် ဝန်ထမ်းအိမ်ရာများရှိ မြေကွက်လပ်များ၌လည်း စိန်တစ်လုံး သရက်ပင် ၁၃၀၀၀ ကျော်ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment