နေပြည်တော် ဇွန် ၅
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စေတနာရှင် အလှူရှင်များကလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စတုဒီသာကျွေးမွေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင်များက စစ်တွေမြို့၊ မင်းဂံရပ်ကွက်နှင့် ကျားမသောက်ကျေးရွာတို့ရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား စတုဒီသာကျွေးမွေးခြင်း၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment