နေပြည်တော် ဇွန် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၏
၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်
နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနရှိဌာနဆိုင်ရာများအလိုက်
စိုက်ပျိုးရန်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က
လက်ခံရယူကြသည်။
ပျိုးပင်များလွှဲပြောင်းပေးအပ်
ဆက်လက်၍
ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင်များကို
သစ်တောဦးစီးဌာန နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်ဦးစီးအရာရှိ ဦးမြင့်လှိုင်ကလွှဲပြောင်းပေးအပ်ရာ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ဇနီးတို့က ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ကွင်းရှိ
သတ်မှတ်နေရာတွင် ကံ့ကော်ပင်နှင့်ခရေပင်တို့ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယဝန်ကြီးဦးရဲတင့်၊
ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ကျွန်း၊ မဟော်ဂနီ၊ခရေနှင့် သစ်ပိတောက်ပင်များကို
သတ်မှတ်နေရာများတွင် ဆက်လက်၍ စိုက်ပျိုးပေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် မိသားစုများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို
လိုက်လံကြည့်ရှုအားပေးကြသည်။
ငါးမျိုးစိုက်ထည့်ပေး
ထို့နောက်
ပြန်ကြားရေးဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏
ငါးကန်အမှတ် (၁) တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ငါးမျိုးများကို ဦးစွာစိုက်ထည့်ပေးကြပြီး
ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၏ ငါးမျိုးစိုက်ထည့်ပေးနေမှုကို
ကြည့်ရှုအားပေးသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ဆိတ်ကောင်ရေ
၁၈၀ မွေးမြူထား ရှိမှုနှင့် ၂၀၂၃ ခုနှစ် မိုးရာသီ သရက်စိုက်ကွင်းတို့ကို ကြည့်ရှုအားပေးပြီး
လိုအပ်သည်များမှာကြားသည်။
ယနေ့
ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့်
ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတွင် ပျိုးပင်ပေါင်း ၁၄၀၀ နှင့် စိန်တလုံးသရက်ပျိုးပင်
၆၂၅ ပင်၊ စုစုပေါင်း ၂၀၂၅ ပင် စိုက်ပျိုးခဲ့ပြီး ထိုင်းငါးခုံးမငါးသားပေါက်ကောင် ရေ
၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းကလည်း
ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာ
နှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် လိုအပ်သောပစ္စည်းများ တင်ဒါတင်သွင်းရန်အောင်မြင်ခဲ့ကြသော
ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပစ္စည်းအမျိုးအစားများအလိုက် အရည်အသွေး
မှန်ကန်ကောင်းမွန်စေရေးနှင့် အချိန်မီတင်သွင်းနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ကြရန်
ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်


No comments:
Post a Comment