နေပြည်တော် ဇွန် ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosatom”) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
၂၀၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ
စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့
ပေးအပ်သည်။
လက်မှတ်ရေးထိုး
ထို့ပြင်
နျူကလီးယားအခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ
(Memorandum of Under-standing in the field of Nuclear Infrastructure assemment and
enhancement) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား လက်မှတ်ရေးထိုးကြသည်။
ထို့နောက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Rosatom မှ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံ၍
ရေအား၊ လေအားနှင့်အပူစွမ်းအင် သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ ကိစ္စရပ် များကိုဆွေးနွေးသည်။
ကူညီပံ့ပိုးဆောင်ရွက်သွားမည်
ထိုသို့ဆွေးနွေးစဉ်
ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ
(MoU) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး အကြိုဖြစ်မြောက်နိုင်စွမ်း
လေ့လာဆန်းစစ်မှု အစီရင်ခံစာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှုအတွက်
ကျေးဇူးတင်ရှိကြောင်း၊ လမ်းပြမြေပုံ (Road Map) ပါဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်ကြောင်း၊
လျှပ်စစ်ကဏ္ဍအတွက် ရုရှား-မြန်မာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် စိန့်ပီတာစဘတ်စ်၌ကျင်းပခဲ့သော
အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်အတွင်း ဇွန် ၁၅ ရက်က လေအား လျှပ်စစ်စီမံကိန်းများအတွက်
နားလည်မှုစာချွန်လွှာ များ ရေးထိုးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ရေအားလျှပ်စစ် နှင့် အခြားအရင်းအမြစ်များမှ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအကူအညီများရရှိနိုင်ရေးကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သဖြင့်
မြန်မာပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိ ကြောင်း
ပြောကြားသည်။
ထို့နောက်
Rosatom မှ ဒုတိယညွှန်ကြားရေး မှူးချုပ်က မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်
ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသဖြင့်ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍ အပူစွမ်းအင်သုံးစီမံကိန်းများနှင့်
အခြားစီမံကိန်း လုပ်ငန်းများအတွက် Rosatom မှ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း၊
MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း
လေ့လာခြင်းလုပ်ငန်းကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
အလားအလာကောင်းများစွာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံတွင် Rosatom ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မေးမြန်းဆွေးနွေး
ယင်းနောက်
Rosatom မှ တာဝန်ရှိသူများက ပါဝါပွိုင့်ဖြင့် စီမံကိန်းလုပ်ငန်းများအတွက် ရှင်းလင်းတင်ပြကြပြီး
ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ညပိုင်းတွင်
Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment