စစ်တွေ ဇွန် ၂၈
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိပြီး ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ်များနှင့် ပြကွင်းပြကွက်များကို လှည့်လည် ကြည့်ရှုလေ့လာသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျားရုပ်ပရိယတ္တိစာသင်တိုက်၊ ဂြစ်ဘက်ကျောင်းတိုက်နှင့်
တန်ခိုးကျောင်းတိုက်တို့သို့ရောက်ရှိကြပြီး ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေများနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ASEAN
+3 အရေးပေါ် အရန်ဆန်ရိက္ခာ APTERR Tier Programme 3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော
ဆန်ရိက္ခာ ၅၅၄ တန်နှင့် ဂျပန်နိုင်ငံမှလှူဒါန်းသော အသင့် စားဆန်ထုပ် ၂၀၀၀၀ ကို မိုခါ
မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများထံ ဖြန့်ဖြူးပေး နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးဦးလှမိုးက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ
မြို့နယ် ၁၇ မြို့နယ်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သဘာဝ ဘေးသင့်ဒေသအဖြစ်
ကြေညာခဲ့ကြောင်း၊ ASEAN +3 အရေးပေါ် ဆန်ရိက္ခာသည် အာဆီယံ (၁၀) နိုင်ငံနှင့် အပေါင်း
(၃) နိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်၍ အရေးပေါ်အခြေအနေတွင်လိုအပ်သောဒေသများသို့
အရန်ဆန်များထောက်ပံ့ဖြန့်ဖြူးနိုင်ရေး ဆောင် ရွက်လျက်ရှိသော အစီအစဉ်ဖြစ်ကြောင်း၊ အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော
ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ဖြည့်ဆည်းပေးသည့် အာဆီယံ
အပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်သည် မုန်တိုင်းဒဏ်သင့် ပြည်သူများအပေါ်တိုက်ရိုက်အကျိုးပြုသည့်
အစီအစဉ်လည်းဖြစ်ကြောင်း၊ အဆိုပါ လှူဒါန်းဆန်များကိုသက်ဆိုင်ရာ ပြည်သူများထံထိထိရောက်ရောက်
ထောက်ပံ့နိုင်ရေး ကူညီဆောင်ရွက်ပေးကြသည့် (APTERR) အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊
အလှူရှင်နိုင်ငံများ ဖြစ်သော ဂျပန်နှင့်ကိုရီးယားသမ္မတနိုင်ငံတို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့်
တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးတို့က အမှာစကားများ ပြောကြားကြပြီး APTERR အတွင်းရေးမှူး
Dr. Choomjet Karnjanakesorn က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက်
ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လှူဒါန်းဆန်များကို လွှဲပြောင်းပေးအပ်ပြီး
ပြည်နယ်ဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးထံ ကျေးဇူးတင်လွှာပေးအပ်၍ ပြည်ထောင်စုဝန်ကြီးက
အမှတ်တရလက်ဆောင် ပေးအပ်သည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့တော်ခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊
ဂီတအစည်းအရုံး(ဗဟို)၊ သဘင်အစည်းအရုံး(ဗဟို)နှင့် ဟာသ ပညာရှင်များအစည်းအရုံးတို့၏ ဖျော်ဖြေပွဲသို့ရောက်ရှိပြီး
အနုပညာရှင်များ၊ ဂီတပညာရှင်များ၊ သဘင်ပညာရှင်များနှင့် ဟာသပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေဟိုတယ်၌ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း
မုန်တိုင်းသင့်ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတ အစည်းအရုံး(ဗဟို)၊
သဘင်အစည်းအရုံး (ဗဟို)၊ ဟာသပညာရှင်များအစည်းအရုံးနှင့် Old Star အဖွဲ့က အလှူငွေပေးအပ်ခြင်း
အခမ်းအနားသို့တက်ရောက်သည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ကျေးဇူတင်နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ဦးကြည်စိုးထွန်းကအလှူငွေပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး (ဗဟို)၊ သဘင်အစည်းအရုံး(ဗဟို)၊ ဟာသပညာရှင်များ
အစည်းအရုံး နှင့် Old Star အဖွဲ့တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးထံလှူဒါန်းငွေကျပ်
၁၃၂၂ သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြပြီးမိုခါရန်ပုံငွေ ဘောလုံးအသင်းတာဝန်ရှိသူများက
ပြည်နယ်ဝန်ကြီးချုပ်ထံ အလှူငွေကျပ် သိန်း ၇၅၀ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက်
ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အလှူငွေ များ ပေးအပ်ခြင်းနှင့် ဖျော်ဖြေမှု အစီအစဉ်များစီစဉ်ဆောင်ရွက်ပေးခဲ့သော
Double Win Enter-tainment Co., Ltd. MD ဦးကြည်ဝင်းထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊
ဂီတအစည်း အရုံး(ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊ ဟာသပညာရှင်များ အစည်းအရုံးနှင့် Old
Star အဖွဲ့တို့ အား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်
ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်းသည့်အစည်းအဝေး
ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊
လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments:
Post a Comment