နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိသည်။ MSME ခေါ် သေး၊ ငယ်၊ လတ် စီးပွားရေး လုပ်ငန်းများမှာ မိမိတို့နိုင်ငံတွင် အများစုလုပ်ကိုင်နေကြပြီး အဓိကမောင်းနှင်အားလည်းဖြစ်ရာ MSME များကို အားပေးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်သည်။
MSME
များကို အားပေးမြှင့်တင်ရာတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍကို အဓိကဆောင်ရွက်သွားရ မည်ဖြစ်ပြီး
ထုတ်ကုန်နယ်ပယ် များအနေဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့် ဆန်ကွဲကို အခြေခံ သည့်
ထုတ်လုပ်မှု၊ ပီလောပီနံကို အခြေခံသည့် ထုတ်လုပ်မှု၊ ရော်ဘာကို အခြေခံသည့် ထုတ်လုပ်မှု၊
ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံသည့်ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊
ဝါးများကို အခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေး၊ အသားငါးကို အခြေခံသည့်ထုတ်လုပ်မှု၊
တိရစ္ဆာန် အစားအစာနှင့် ဆေးဝါးထုတ်လုပ်မှု စသည်တို့ကို မိမိတို့ဒေသအလိုက် ရရှိနိုင်သော ကုန်ကြမ်းများ
အသုံးပြုထုတ်လုပ်ကြရန်ဖြစ်သည်။ ဖော်ပြပါ ကုန်ကြမ်းများသည်
ပြည်တွင်း၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ကုန်များ၊ သစ်တောသယံဇာတများဖြစ်ပြီး
သေချာသော ကုန်ကြမ်းများဖြစ်သည်။ ကုန်ကြမ်းတစ်မည်ကို အခြေခံ၍ စားသောက်ကုန်၊ လူသုံးကုန်
စသည့်ကုန်ချောအမယ်ပေါင်း များစွာကို တီထွင်နိုင်စွမ်းရှိသလောက် ထုတ်လုပ်နိုင်သည်။ အရည်အသွေးမြင့်မားစွာ
ထုတ်လုပ်ပြီး အဆင့်မြင့်ထုပ်ပိုး၍ ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်သည်။
“MSME
နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်ခရီးစဉ်များ တွင် လမ်းညွှန်ခဲ့သည်မှာ ညွှန်ကြားချက်
၁၉၀ ကျော်ရှိပြီး လုပ်ငန်း ရှင်များနှင့် ဒေသခံများ၏ တင်ပြချက်များမှာ အချက်ပေါင်း
၂၃၀ ကျော်ရှိ ကြောင်း၊ ယင်းတင်ပြချက်များမှာ နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့် မြေနေရာ၊
ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍ များပါဝင်ကြောင်း၊ ယင်းတင်ပြချက်များအပေါ် မိမိတို့လုပ်ငန်း
ကော်မတီ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီများ နှင့် ချိတ်ဆက်ပြီး ကြပ်မတ်အကောင်အထည်
ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြား
ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အသေးစား၊
အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီသည် လုပ်ငန်းရှင်များ၏
တင်ပြချက်၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ထုတ်ကုန်နယ်ပယ်များ သတ်မှတ်ခြင်းနှင့်
စပ်လျဉ်း၍လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ် အေဂျင်စီများနှင့် ချိတ်ဆက်အကောင် အထည်ဖော်လျက်ရှိသည်။
ငွေကြေးနှင့်နည်းပညာများ ပံ့ပိုးနိုင် ရေး၊ သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာရရှိရေး၊
ကျွမ်းကျင်လုပ်သားနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
မိမိတို့နိုင်ငံတွင်
ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အရင်း အမြစ်များစွာရှိသော်လည်း ကုန်ထုတ်လုပ်မှု အပေါ် အားပေးမှု
နည်းပါးခဲ့သည်။ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုး မွေးမြူရေးကဏ္ဍမှ ထွက်ရှိလာသော
ထွက်ကုန်များမှာ ကုန်ကြမ်းများအဖြစ်ဖြင့်သာ ပြည်ပသို့တင်ပို့ခဲ့ကြသည်။ ဥပမာအားဖြင့်
ပြောင်းဖူး၊ ကြံ စသည်တို့ကို အပင်လိုက်တင်ပို့မှုများ၊ နွား၊ ဆိတ် အရှင်အကောင်လိုက်
တင်ပို့မှုများ စသည်တို့မှာ ထင်ရှားသော ဥပမာများပင်ဖြစ်သည်။ ပြည်တွင်းမှ ကုန်ကြမ်းကို
ပြည်တွင်း မှာပင် ကုန်ချောထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပြီး
တစ်ဦးချင်းဝင်ငွေ တိုးတက်ခြင်း၊ ပြည်တွင်း စားသုံးမှု တိုးတက်ခြင်း စသည့်ရလဒ်များ ရရှိလာနိုင်မည်ဖြစ်သည်။
ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်းဖြင့်သာ လိုအပ်သောသွင်းကုန်များ ပိုမိုတင်သွင်းရရှိနိုင်မည်ဖြစ်သည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က အထူးတလည်အားပေး မြှင့်တင်မှုများ
ပြုလုပ်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
အလျင် အမြန် ဖွံ့ဖြိုး တိုးတက်မှုကို ရယူနိုင်ကြပါမည့်အကြောင်း။ ။
No comments:
Post a Comment