နေပြည်တော် ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြ အရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူး သင်တန်းမှ သင်တန်းသူများအား အဆိုပါသင်တန်းကျောင်းရှိ မြဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင် တပ်စုမှူး သင်တန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။
ရုပ်ပိုင်း၊
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား
ပြောကြားရာတွင် အမျိုးသမီး ဗိုလ်လောင်း သင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြ သူများသည်
တက္ကသိုလ်များ၌ ဘွဲ့များရရှိခဲ့ပြီးကြသူ များဖြစ်ကြသဖြင့် တက္ကသိုလ်ပတ်ဝန်းကျင်လူမှု
အတွေ့အကြုံရှိပြီး လူမှုဆက်ဆံရေး အတွေ့အကြုံ များစွာ ရှိထားပြီးသူများဖြစ်ကြောင်း၊
အသက်အရွယ်အားဖြင့်လည်း မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့
ရောက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့
ဝင်ရောက် လာသူများဖြစ်သဖြင့် ခံယူချက်များအခြေခံအားဖြင့် ကောင်းမွန် ပြီးဖြစ်ကြောင်း၊
သင်တန်းတက် ရောက်စဉ် လေ့ကျင့်ရေးကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်
သန်မာမှုရှိစေရေး စနစ်တကျ လေ့ကျင့်သွားရန် လိုကြောင်း။
အခြေခံအားဖြင့်
ကောင်းမွန်ပြီးဖြစ်သည့် စိတ်ဓာတ်များကို ပိုမိုကောင်းမွန်ခိုင်မာစေရေး လေ့ကျင့်တည်ဆောက်ကြရန်လိုပြီး
ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျ ဖြင့် လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း၊
သက်လုံ ကောင်းစေရန်နှင့် ကြံ့ခိုင်မှုရှိစေရန် နေ့စဉ် လေ့ကျင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့်
စိတ်ဓာတ်များဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ စိတ်ဓာတ် ကောင်းမွန်မှသာ လေ့ကျင့်ရေးများ
အောင်မြင်မည် ဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို သင်ကြားပေး ခြင်းသည် တိုက်ပွဲဝင်နိုင်စေရန်
လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း။
ခေါင်းဆောင်ကောင်းများဖြစ်အောင်
ကြိုးပမ်းဆောင်ရွက်ရမည်
ခေါင်းဆောင်ငယ်များအဖြစ်
တာဝန်ထမ်းဆောင် ရမည်ဖြစ်သဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို သိရှိနားလည်ထားရန်လိုကြောင်း၊
ခေါင်းဆောင်များ သည် အကျင့်စာရိတ္တကောင်းရမည်၊ သမာသမတ် ရှိရမည်၊ လက်အောက်အပေါ် စိတ်ကောင်းစေတနာ
ကောင်းရှိရမည်ဖြစ်ပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာမှုအပိုင်းတွင်
နှစ်ပိုင်းရှိပြီး သဘောကောင်းခြင်းနှင့် စေတနာကောင်းခြင်းဟူ၍ရှိကြောင်း၊ ရေတိုအလုပ်ဖြစ်စေရေးကြည့်၍
သဘောကောင်းသည့် ပုံစံမဟုတ်ဘဲ ရေရှည်အကျိုးကိုကြည့်၍ စေတနာထားဆောင်ရွက်ရန်လို ကြောင်း၊
မိမိအထက်အရာရှိ များ၏ တာဝန်ထမ်းဆောင်မှုနှင့် မိမိလက်အောက်မှ အရာရှိ၊ စစ်သည်များ၏ တာဝန်ထမ်းဆောင်မှု
များ၊ အခက်အခဲများကို ကိုယ်ချင်းစာစိတ်နှင့် နားလည်မှုရှိရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်မှု
တာဝန်ဟူသည် အထက် နှင့် အောက်ကိုချိတ်ဆက်ပေးရမည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊
ကောင်းမွန်သည့် စိတ်ဖြင့်သာ ခေါင်းဆောင်မှု တာဝန်များကို ထမ်းဆောင်ကြရန် လိုကြောင်း၊
ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး နောက်လိုက်ကောင်းများ ဖြစ်ရမည် ဖြစ်ကြောင်း၊ ညီညွတ်မျှတသည့်
ကွပ်ကဲအုပ်ချုပ်မှုဖြင့် ခေါင်းဆောင်မှုကောင်းကို ပြသရန်လို ကြောင်း၊ စစ်ဘက်ခေါင်းဆောင်မှု
ပညာရပ်များကို သင်တန်းကျောင်းမှ သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်
ခေါင်းဆောင်အဖြစ် တာဝန်ယူချိန် တွင် ကိုယ်တိုင်အရည်အချင်း ရှိရန်နှင့် ခေါင်းဆောင်ကောင်းဖြစ်အောင်
တာဝန်ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ ခေါင်းဆောင်မှုများ လွဲမှားမှုမရှိစေရေး မိမိတို့အတွေ့အကြုံနှင့်ယှဉ်၍
သင်ကြားပေးလိုက်သည့် စစ်ဘက်ခေါင်းဆောင်မှု ပညာရပ်များကို ထိရောက်စွာ အသုံးချနိုင်ရန်လိုကြောင်း။
ယုံကြည်ချက်၊
ခံယူချက် ခိုင်မာမြင့်မားအောင်ဆောင်ရွက်
ယုံကြည်ချက်၊
ခံယူချက်နှင့်ပတ်သက်၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး
တပ်မတော်သားကောင်း တစ်ဦးဖြစ်စေရေး လေ့ကျင့် ရေးကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်ပြီး
ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲ များကြုံတွေ့ရချိန်၌ တပ်မတော်သားကောင်းတစ်ဦး
အဖြစ်ခံယူသည့် ယုံကြည်ချက် ခံယူချက်များ ခိုင်မြဲနေ ရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်
သည်နှင့်အညီ စစ်သားစိတ် အပြည့်ဖြင့် နေထိုင်ကျင့်ကြံကြရန်လိုကြောင်း၊ တပ်မတော်မှ နိုင်ငံ့တာဝန်
ထမ်းဆောင်မှုအပေါ် တပ်မတော်သား စိတ်ဓာတ်ဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊ မိမိကိုယ်ကို၊
မိမိ တပ်မတော် အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည် ချက် ခံယူချက်မြင့်မားရမည်ဖြစ်ကြောင်း။
ရည်မှန်းချက်များ
မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း သွားကြရမည်
မျှော်မှန်းချက်
ရည်မှန်းချက်များဖြင့် အမျိုးသမီး စစ်မှုထမ်းဘဝကို ဝင်ရောက်ခဲ့ကြသူများဖြစ်သဖြင့် မိမိအနေဖြင့်အသိအမှတ်ပြုပါကြောင်း၊
အမျိုးသမီး စစ်မှုထမ်းများနှင့် ရဲမေများသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသူများဖြစ်ကြောင်း၊
မိမိတို့၏ မျှော်မှန်းချက်များ မထိခိုက်အောင် နေထိုင် ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များ
မပျောက်ပျက်အောင် လုပ်ဆောင်ချက်များဖြင့် ထိန်းသိမ်းဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်
တိုက်တွန်းလိုကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်
သင်တန်းခန်းမအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ
မှာကြားသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည်
မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ အတွင်း မော်တော်ယာဉ်များဖြင့်
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment