Saturday, June 10, 2023

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၉

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များဖြစ်သည့် သူရဦးဘိုရီ (ခြူးနဂါးဆေးပေါလိပ်)မိသားစုက အလှူငွေကျပ်သိန်း ၂၀၀၊ ဦးအောင်မျိုးဟိန်းမိသားစုက အလှူငွေကျပ် သိန်း ၁၀၀၊ ဦးစိုးဝင်းထွန်းမိသားစုက အလှူငွေကျပ်သိန်း ၅၀၊ West Corporation Japan မှ အလှူငွေကျပ် သိန်း ၅၀၊ ဗိုလ်သင်တန်း အမှတ်စဉ်(၆၆)မှ အရာရှိများက အလှူငွေကျပ်သိန်း ၄၀၊ ဦးသန့်ဇင် (သုခကမ္ဘာဆေးခန်း)မိသားစုက အလှူငွေကျပ် ၁၀ သိန်းနှင့် အခြားစေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန် ပစ္စည်းများအား ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊  ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အလားတူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ဇနီး ဒေါ်ကေသွယ် မိသားစုက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment