မြိတ် ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့က မြိတ်မြို့ အထက်ရေပုန်းရပ် အမကကျောင်းတွင် ကျင်းပသည့် (၂၀၂၃) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ပျိုးပင်များကို ဌာနဆိုင် ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့နှင့် ကျောင်းသား/သူများအား ပျိုးပင် များပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်က ပျဉ်းကတိုး ပျိုးပင်နှင့် အုန်းပင်ကိုလည်းကောင်း၊ တိုင်းဒေ သကြီးဝန်ကြီးများက မဟော်ဂနီ၊ ခရေ ပျိုးပင်များကိုလည်ကောင်း စိုက်ပျိုးပေးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ မန်ဂျန်းရှား၊ ကံ့ကော်၊ သင်္ကန်း၊ စိန်းပန်း၊ အုန်းပင် စသည့်အပင်များ စိုက်ပျိုးသွားပြီး စုစုပေါင်းအပင် (၇၂၀) ပင်ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့်ဆရာ/မများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ၊ ဆရာ/မများနှင့်ကျောင်းသား/သူများက တပျော်တပါးစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။



No comments:
Post a Comment