Monday, June 26, 2023

ဆိုင်ကလုန်းကျရောက်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် အထူးကု ဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 



နေပြည်တော် ဇွန် ၂၅

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမိုခါ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအပြင် အထွေထွေရောဂါကု သမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကုဆရာဝန်များ ပါဝင်သော အထူးကု ဆေးအဖွဲ့များ စေလွှတ်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားအထူးကုဆရာဝန်ကြီးများ၊ လက်ရှိ တာဝန်ထမ်း ဆောင်ဆဲ အထူးကုဆရာဝန်ကြီးများ၊ ပုဂ္ဂလိကအထွေထွေ ရောဂါကုဆရာဝန်များပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ဝိသာခါဖောင်ဒေးရှင်း၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ ဒေသခံပြည်သူများကို ဆေးကုသမှု များ ဆောင်ရွက်ပေးသည်။

အထူးဆေးကုသရေးအဖွဲ့ ကုသနေမှုများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်  တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

အဆိုပါ အထူးကုဆေးကုသရေးအဖွဲ့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) မှ ဆေးရုံအုပ်ကြီး  ပါမောက္ခ ဒေါက်တာရဲမြင့်က ဦးဆောင်၍ နှလုံးရောဂါ၊ ဆီးနှင့် ကျောက်ကပ် ရောဂါ၊ အဆုတ်နှင့် ရင်ခေါင်း ရောဂါ၊ အရိုး၊ အကြော၊ အဆစ် ရောဂါ၊ အစာအိမ်နှင့် အူလမ်း ကြောင်းရောဂါ၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါ၊ သွေးရောဂါ၊ အရေပြား ရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်ပြီး  ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကုဆရာဝန် ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ ဆေးကုသမှုများအပြင် Ultrasound, CT scan စသည့် ဓာတ်မှန်ဖြင့် ရောဂါရှာဖွေ စမ်းသပ်မှုများ၊ ဓာတ်ခွဲစမ်းသပ် ကုသမှုများ၊ အစာအိမ်နှင့်အူလမ်း ကြောင်း မှန်ပြောင်းကြည့်ရှုပေး ခြင်းတို့ကိုပါ ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ အထူးကုဆေးကုသမှုတွင် ဒေသခံပြည်သူ စုစုပေါင်း ၁၁၄၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ နှလုံးဆိုင်ရာ ၁၄၅ဦး၊ ဆီးနှင့် ကျောက်ကပ်ဆိုင် ရာ ၄၈ ဦး၊ အဆုတ်နှင့် ရင်ခေါင်း ဆိုင်ရာ ၃၈ ဦး၊ အရိုး၊ အကြော/အဆစ်ဆိုင်ရာ ၂၉၉ ဦး၊ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ ၅၅ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ၇၅ ဦး၊ သွေးရောဂါဆိုင်ရာ ၁၇ ဦး၊ အရေပြားရောဂါဆိုင်ရာ ၁၀၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ၁၂၉ ဦး၊ အသည်းရောဂါဆိုင်ရာ ၂၁ ဦး၊ ကလေးသွေးရောဂါ ၃၅ ဦး နှင့် အထွေထွေရောဂါဆိုင်ရာ ၁၇၈ ဦးတို့ကို ကုသမှု ပေးနိုင်ခဲ့သည်။

ထို့ပြင် ကွန်ပျူတာဓာတ်မှန်(CT scan) ရိုက်ကူးခြင်း ခြောက်ဦး၊ တီဗွီဓာတ်မှန် (Ultra-sound) ရိုက်ကူးခြင်း ၂၄ ဦး၊ ဓာတ်မှန်ရိုက်ကူးခြင်း ၄၇ ဦး၊ သွေးစစ်ဆေးခြင်း ၈၆ ဦး၊ အစာ အိမ်နှင့် အူလမ်းကြောင်း မှန် ပြောင်းကြည့်ရှုခြင်း ၁၉ ဦး၊ အသံ လှိုင်းဖြင့် နှလုံးပုံရိပ်ဖော်စက် (Portable Echocardiogram)ဖြင့် စစ်ဆေးခြင်း ၂၀ တို့ကိုလည်းကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်  ရခိုင်ပြည်နယ်သို့ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသရေးအဖွဲ့များ ဆက်လက်စေလွှတ်၍ ရောဂါရှာဖွေကုသမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်  

No comments:

Post a Comment