Saturday, May 6, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်ခ် (Minsk) မြို့၌ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ်နှင့် Passport အတွင်းသို့ Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာ

 


နေပြည်တော် မေ ၅

ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ ပြည်ထဲရေး ဝန်ကြီးဌာန၏ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်လေ့လာခဲ့ရာဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့် ဘယ်လာရုစ် ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ် ဖွဲ့စည်းထားရှိမှု၊ စနစ်အတွက် လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊ Biometric စနစ်ဖြင့် အမျိုးသားစိစစ်ရေးမှတ်ပုံတင်စာရွက်စာတမ်းများ သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်မှု၊ e-ID ကတ်နှင့် Biometric အချက်အလက်များအသုံးပြု၍ Passport ပြုလုပ်နေပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၌ e-ID ကတ်နှင့် Passport အတွင်း ထည့်သွင်းထားသည့် ကိုယ်ရေးအချက်လက်များမှန်ကန်မှု ရှိ/မရှိ စစ်ဆေးသည့် Forensic Science Systems သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများကလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြသကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ Cryptotech ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှတ်ပုံတင်ရေးစင်တာသို့ သွားရောက်ကြရာ တာဝန်ရှိသူများက e-ID ကတ်နှင့် Passport အတွင်းသို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများအသုံးပြု၍ Biometric ကိုယ်ရေးအချက်အလက်များ ထည့်သွင်းထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment