Friday, May 5, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုများအား စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့ လေ့လာဖူးမြော်ကြည်ညို

 


နေပြည်တော် မေ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အောသိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV တို့ပါဝင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။

ထိုသို့ လေ့လာဖူးမြော်ကြည်ညိုကြသည့်အဖွဲ့များအား တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးအစိတ်အပိုင်းများကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ဖြင့် ပင့်ဆောင်ခဲ့ရမှုအခြေအနေများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အားထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန်သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦစိမ်းလန်းစိုပြေသာယာလှပစေရေး သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောက်ရွက်နေမှု အခြေအနေများ၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment