မင်းပြား မေ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော်သည် ယမန်နေ့ နေ့လယ်ပိုင်းက မင်းပြားမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆောက်လုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံကာ ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆောက်အဦများအား ဆောက်လုပ်ပြီးစီးနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ညနေပိုင်းတွင် ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ မုန်တိုင်းသင့်ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကာ ဆန်နှင့်စားနပ်ရိက္ခာများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သောင်းရွှေ(ပြန်/ဆက်)
No comments:
Post a Comment