ဝါးခယ်မ မေ ၂၈
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဝါးခယ်မမြို့နယ်၊ အ.မ.က(ရေလိန်) ကျောင်းသို့ရောက်ရှိကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံ ဆောင်ရွက်နေမှုအခြေနေများ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ပြီး ရေလိန်ကျေးရွာပိုက်ဆံလျော် စိုက်ပျိုးထား ရှိမှု အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ မြူရုံးလမ်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဝါးခယ်မ)ရှိ “ရတနာခန်းမ” တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံဆောင်ရွက်နေမှုအား ကြည့်ရှု့ခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံခဲ့ပြီး ဆရာ၊ ဆရာမများ အနေဖြင့် သင်ရိုးသစ်သင်ခန်းစာများနှင့်အညီ စနစ်တကျသင်ကြားပို့ချပေးရန်လိုအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း "ပညာမြင့်မှ လူမျိုးတင့်မည်" ဖြစ်၍ ပညာရည်ထူးချွန်သူများဖြစ်လာစေရန် စနစ်တကျ သင်ယူရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)
No comments:
Post a Comment