Monday, May 8, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် မေ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

ညှိနှိုင်း အစည်းအဝေးသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင် ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မကြာမီရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် သတိပေးချက်များရှိကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အဆိုပါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုအပြင် ၎င်းနှင့်ဆက်စပ်သည့် သဘာဝဘေး အန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံး/ဌာန၊ သင်တန်းကျောင်းများတွင်လူ၊ ပစ္စည်း၊ ယာဉ်/ ယန္တရားများတတ်နိုင်သမျှထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ဆေးဝါး/ရိက္ခာ၊ သန့်ရှင်းသောရေ၊ အသက်ကယ်ပစ္စည်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို အသင့်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များ၏ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံးများ၊ ကျောင်းများ၌အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့ထားရှိသည့် Rescue Teams များအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကျရောက်လာချိန်တွင် ဘေးသင့် ပြည်သူများအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးမှာကြား သည်။

ပေါင်းစပ်ညှိနှိုင်း

ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြကြရာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများကတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်


No comments:

Post a Comment