နေပြည်တော် မေ ၂၆
ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို တပ်မတော်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်သင်္ဘောများဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်
တာဝန်ရှိသူများသည် စစ်တွေဆိပ်ကမ်းသို့တပ်မတော် (ရေ) မှ ကမ်းထိုးရေယာဉ် MV.
AQUARIUS နှင့် FORTUNE
ကုန်သင်္ဘောများဖြင့် သယ်ယူ ရောက်ရှိလာသော
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် သွပ်ပြား၊ သံချောင်း၊
သစ်ခွဲသားမျိုးစုံ၊ စက်ယန္တရား မော်တော်ယာဉ်များ၊ လျှပ်စစ်နှင့် ဆက်သွယ်
ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ တာပေါ်လင်စများ၊ သောက်ရေသန့်နှင့်စားသောက်ဖွယ်ရာပစ္စည်းမျိုးစုံတို့အား
ဆိပ်ကမ်းမှ သတ်မှတ်နေရာများသို့ စနစ်တကျဖြင့် ပို့ဆောင်နိုင်ရေးအတွက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက
ပစ္စည်းများရောက်ရှိမှုနှင့် သက်ဆိုင်ရာနေရာများသို့ စနစ်တကျဖြန့်ခွဲပို့ဆောင်ပေးနေမှု
အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန
ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ သမားတော်များ၊ ပါရဂူများ၊ ဆေးမှူးများ၊
သူနာပြုများပါဝင်သည့် အထူးဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ်အတွင်း ရပ်ကွက်/
ကျေးရွာများတွင် မုန်တိုင်းသင့် ဒေသခံပြည်သူများအား အဖျားရောဂါ၊ သွေးတိုးရောဂါ၊
ဝမ်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါများ၊ ကလေးရောဂါနှင့် အခြားအထွေထွေရောဂါတို့နှင့်
ပတ်သတ်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်/
ကျေးရွာများအတွင်းရှိ လူနေအိမ်ခြံဝန်း အတွင်း/အပြင်နေရာများ၊ စာသင် ကျောင်းနှင့်
ဘုန်းတော်ကြီးကျောင်းဝန်း နေရာများတွင် ခြင်များခိုအောင်းမှု မရှိစေရေး နှင့်
ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန် တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးတို့ အတွက်
ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက် နေမှုများကို
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူး တို့က သွားရောက်ကြည့်ရှုပြီး
ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆတ်ရိုးကျရပ်ကွက်အုပ်စုအတွင်းရှိ
ဗျိုင်းဖြူကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းနှင့် စစ်တွေတပ်နယ်ရှိ
အခြေခံပညာကျောင်းများသို့ သွားရောက်၍ မုန်တိုင်းကြောင့် အမိုးလန်ပျက်ဆီးနေသည့်
စာသင်ဆောင်များ အား ပြန်လည်ပြုပြင် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ
အချိန်မီပြီးစီးရေး အတွက်လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက်
(၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှုကိုကြည့်ရှုအားပေးပြီး
ကျောင်းအပ်နှံရန်လာရောက်ကြသည့် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများအား
ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment