နေပြည်တော် မေ ၂၆
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များမှ လူနေအဆောက်အဦများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် စစ်တွေမြို့ရှိ မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် သဇင် FM ထပ်ဆင့်လွှင့်စက်ရုံများမှာလည်း မုန်တိုင်းဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့ပြီး ၁၀၀ မီတာ လေးချောင်းထောက်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ လဲကျပျက်စီးခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်း ရုပ်သံထုတ်လွှင့်မှုများ ခေတ္တရပ်ဆိုင်းခဲ့ရသည်။
အဆိုပါ
ပျက်စီးခဲ့သည့် ထပ်ဆင့်လွှင့်စက်ရုံများနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံး
ပြန်လည်ကောင်းမွန် ထုတ်လွှင့်နိုင်ရေးအတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်းများ
အမြန်ပို့ဆောင်၍ ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်စဉ်ကာလအတွင်း
ယာယီထုတ်လွှင့်နိုင်ရေးအတွက် ၁၅ မီတာခန့်ရှိ ယာယီထုတ်လွှင့်တိုင် ထူထောင်ခြင်း၊ Antenna
များ ချိန်ညှိခြင်းနှင့် Cable Feeder များ ချိတ်ဆက်ခြင်း၊ TVRO စလောင်း ချိန်ညှိဖမ်းယူခြင်း၊ Signal
ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မေ
၂၂ ရက်မှစတင်၍ မြဝတီ ရုပ်သံလှိုင်းအား 642 MHz (၁၃၀ ဝပ်)ဖြင့် လည်းကောင်း၊ သဇင် FM
အား 88.6 MHz (၅၄၀ ဝပ်) ဖြင့် လည်းကောင်း ၆ မိုင်ခန့် အကွာအဝေးအထိကောင်းမွန်စွာ
ဖမ်းယူရရှိနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ထို့အပြင်
မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် သဇင် FM ထပ်ဆင့်လွှင့်စက်ရုံများမှ ထုတ်လွှင့်သည့်
ရုပ်သံလှိုင်းများအား မူလအတိုင်းဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ၆၅ မီတာ
သုံးချောင်းထောက် တာဝါတိုင်ထောင်၍ Coverage Area လျော့ကျမှု မရှိစေ ရေး လွှင့်အားတိုးမြှင့်
ထုတ်လွှင့်နိုင်ရန် နေ့/ည မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။




No comments:
Post a Comment