နေပြည်တော် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မှန်နန်းတော်ကြီး၊ ဗောင်းတော်ဆောင်၊
ညီလာခံကျင်းပရာအဆောင်များ၊ မှန်နန်းဆောင်၊ အလယ်နန်းဆောင်တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်းလှည့်လည်
ကြည့်ရှုကြရာ မြနန်းစံကျော်ရွှေနန်းတော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်းထားရှိမှုများနှင့်
ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊
သာသနာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊
မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသောင်းနှင့်တာဝန်ရှိသူများက
ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြနန်းစံကျော်ရွှေနန်းတော်ကြီးသည်
အခြားနန်းတော်ကြီးများနှင့်မတူဘဲတည်ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍
မှတ်တမ်းမှတ်ရာများ ပြည့်ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်ကြောင်း၊
ကိုလိုနီခေတ်ကတည်းက ပြည်တွင်း၊ ပြည်ပမှတ်တမ်းမှတ်ရာ၊ အကိုးအကားများ
စုံစုံလင်လင်ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက်အထားများ၊
မှတ်တမ်းမှတ်ရာများနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားရန်လိုကြောင်း၊
နန်းတော်ကြီးအတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း
ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူများထားရှိနိုင်ရေး မှတ်တမ်းများ
ပြန်လည်ကြည့်ရှုဆောင်ရွက်သွားရန်လိုကြောင်း၊ မှန်နန်းဆောင်အတွင်းရှိ တိုင်လုံးများ
အပေါ်တွင် မှန်စီရွှေချခြင်းများကို သပ်ရပ်မှုရှိအောင် ပြန်လည်ဆောင်ရွက်သွားရန်လိုကြောင်း၊
ပလ္လင်တော်အပါအဝင် အချို့သောအသုံးအဆောင် ပစ္စည်းများကိုရေရှည်
တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများကိုဆောင်ရွက် သွားရန်လိုကြောင်း၊
နန်းဆောင်အချင်းချင်း ဆက်သွယ်ထားသည့်လမ်းများကိုလည်း မူလပုံစံများအတိုင်း
အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်း
အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြုထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်းနှင့်
သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက
လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး
သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ
ခင်းကျင်းပြသမှုများကို ကြည့်ရှုကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment