Tuesday, May 9, 2023

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး မောက်မယ်မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ကျင်းပ

မောက်မယ် မေ ၉

 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လင်းခေးခရိုင် နှင့် မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နမ့်ယွမ်းခန်းမ၌ တွေဆုံအမှာစကား ပြောကြားခဲ့သည်။

 




အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး များနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံမြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်က မောက်မယ်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များနှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံမြို့မိ မြို့ဖများတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးတင်ပြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် လိုအပ်မှုတို့နှင့်ပတ်သက်၍ ပြန်လည်လမ်းညွှန် ဆွေးနွေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ် ၁၅၀ ရှိ ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး မောက်မယ်မြို့နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများဖြစ်သော ဒေသထုတ်ကုန်ပစ္စည်းများပြခန်းနှင့် စိုက်ပျိုးရေးပြခန်းကို ကြည့်ရှု၍ ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် လူနာနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေး အပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

No comments:

Post a Comment