Tuesday, May 9, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား တက်ရောက်

 


မော်လမြိုင်   မေ  

မွန်ပြည်နယ်မော်လမြိုင်မြို့တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.က(၁)မော်လမြိုင်ကျောင်းရှေ့(မြို့တော်ဦးအဝိုင်းအရှေ့)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ လူမှုရေးရာဝန်ကြီးဦးမြတ်သွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ အ..က()မော်လမြိုင်မှ ကျောင်သူလေးများ၏ ဘင်ခရာပန်းပွားဖြင့် ဖျော်ဖြေနေမှုများကိုကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment