နေပြည်တော် မေ ၂၀
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အားညောင်နှစ်ပင်
စိုက်ပျိုးမွေးမြူရေးအထူးဇုန် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့် တာဝန်ရှိသူများကညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်သမိုင်းအကျဉ်း၊
ဇုန် အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲခြား ဆောင်ရွက်ထားရှိမှု၊
ဇုန်အလိုက်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့်အသီးအနှံများ၊
အသား၊ နွားနို့နှင့်ဥများ ထုတ်လုပ်ရောင်းချ ပေးနိုင်မှု၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် လာရောက်ခဲ့သည့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်လအတွင်းနှင့် တစ်နှစ်
အတွင်း အသား၊ ငါးထုတ်လုပ်နိုင်မှုနှင့် စားသုံးနိုင်မှုပျမ်းမျှစစ်တမ်းအရ တွက်ချက်ထားရှိမှု၊
စိုက်ပျိုး မွေးမြူရေးအထူးဇုန်အတွင်း လမ်း များ စနစ်တကျရှိစေရေးပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်
စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊
တိုက်ကြီးမြို့နယ်နှင့် တွံတေး မြို့နယ်တို့၌ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေးလျာထား
ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
စိုက်ပျိုးရေးမြေများ
အကျိုးရှိရှိအသုံးချ
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဇုန်အတွင်း စိုက်ပျိုးမွေးမြူ
ရေး ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေများကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့်
စိုက်ပျိုးမွေးမြူရေးနှင့်မသက်ဆိုင်သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများကစနစ်တကျ
ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ် ကိုင်သူများအနေဖြင့် နိုင်ငံတော်မှခွင့်ပြုပေးထားသည့်
စိုက်ပျိုး မွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ်စိုက်ပျိုးမွေးမြူမှုများဆောင်ရွက်စေရေး
စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးမြေများကို အကျိုးရှိရှိ
အသုံးချစေရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မိရိုးဖလာစိုက်ပျိုးခြင်းထက်
ခေတ်မီစိုက်ပျိုးရေး စနစ်များကိုအသုံးချ၍ ကျစ်ကျစ်လျစ်လျစ်ဖြင့် ပြည့်ဝစွာစိုက်ပျိုးထုတ်လုပ်နိုင်ရန်
လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ စိုက်ပျိုးနိုင်မှသာရန်ကုန်တိုင်းဒေသကြီး
အတွက် ဖူလုံနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုများ များပြားမှသာဒေသအတွက်ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်သဖြင့်
တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးတောင်သူများကိုအသိပညာပေးဆောင်ရွက်နေရန် လိုကြောင်း၊
ဇုန်အတွင်းရှိ ကုန်ထုတ်လမ်းများကိုလည်းစနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက် လာကြသူများ၏ဆွေးနွေးတင်ပြမှုများအပေါ်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့်
အခြေအနေ များနှင့်ပတ်သက်၍အပြန်အလှန်ဆွေးနွေး ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည်
Green Light စိုက်ပျိုး မွေးမြူရေးခြံသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုး
မွေးမြူရေးခြံအတွင်း ဥစားကြက်များ၊ ငါးများနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှု၊
ငါးသား ပေါက်များ မွေးမြူခြင်းနှင့် ပျိုးပင်များစိုက်ပျိုးနေမှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး
အတွင်း မွေးမြူရေးတိရစ္ဆာန်အစာများကိုဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များဖြင့်
လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူကြက်သား ပေါက်များကိုလည်းဒေသတွင်းလုံလောက်စွာ
ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတကာသတ်မှတ်စံချိန်
စံညွှန်းများနှင့်အညီဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဝင်များသည်
စိုက်ပျိုးမွေးမြူရေး ခြံအတွင်းဥစားကြက်များမွေးမြူ ထားရှိမှု၊ ငါးမွေးမြူထားရှိမှုနှင့်
ဒူးရင်းပင်အပါအဝင် နှစ်ရှည်သီးနှံပင်များစိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု
ပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များကို
အကြံပြု ဆွေးနွေးပြောကြား သည်။
ကြည့်ရှုအားပေး
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်
များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း ခေတ်မီမွေးမြူရေး စနစ်ဖြင့်
မွေးမြူထားရှိသည့် ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီ
အစဉ်ဖြင့် မွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံနှင့် စိုက်ပျိုးခြံများကိုသွားရောက်ကြည့်ရှု
စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး
ဟင်းသီးဟင်းရွက် လက်ကားဈေး၊ ဈေးရုံအမှတ်(၂)၌ ဒေသခံပြည်သူများ ဟင်းသီးဟင်းရွက်ရောင်းချ
နေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment