နေပြည်တော် မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea- Myanmar Industrial Complex(KMIC) စီမံကိန်း ဆောင်ရွက်ရန်လျာထားမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က Korea- Myanmar Industrial
Complex (KMIC) စီမံကိန်းအားအပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု များ၊ ဝန်ထမ်းအိမ်ရာများနှင့်
အဆောက်အဦများ တည်ဆောက်ရန်နှင့် လမ်းများဖောက်လုပ်ရန် လျာထားမှု၊ လျှပ်စစ်ဓာတ်အားနှင့်ရေရရှိရေး
ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်စီမံကိန်း၏ မြေအသုံးချ မှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းဦးဆောင်အဖွဲ့ဖွဲ့စည်းထားရှိမှု
အခြေအနေများကို ရှင်းလင်း တင်ပြသည်။
စနစ်တကျ
နေရာရွေးချယ် တည်ဆောက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံလုပ်သားများ
နေထိုင်ရန်အတွက်အဆောက်အဦများကိုစနစ်တကျဖြင့် နေရာရွေးချယ်တည်ဆောက်ရန် လိုကြောင်း၊ ရေရရှိရေးအတွက်
ဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးစနစ်တကျစီမံဆောင် ရွက်ရန်လိုကြောင်း၊ စီမံကိန်းများ
အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်
Infrastructure များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ စီမံကိန်းအကောင် အထည်ဖော်
ဆောင်ရွက်ပြီးချိန် တွင် အလုပ်သမားများအတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကိုလုံလောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့် ဆေးရုံများ တည်ဆောက်ခြင်းကိုကြိုတင်
ပြင်ဆင်ဆောင်ရွက်ထား ရန်လိုကြောင်း၊ စီမံကိန်း အကောင်အထည် ဖော်ရာတွင်လည်းပတ်ဝန်းကျင်စိမ်းလန်း
စိုပြည်ရေးအတွက် သစ်ပင်များကို ကြိုတင်စိုက်ပျိုးရန်နှင့် Green Zone များ သတ်မှတ်၍ဆောင်ရွက်ရန်
လိုကြောင်း၊ လမ်းများ၏ ဘေးတစ်ဖက် တစ်ချက်တွင်လည်း သစ်ပင်များကိုစနစ်တကျ စိုက်ပျိုးရန်နှင့်
ဓာတ်ကြိုး သွယ်တန်းမှုများကို စနစ်တကျရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်း ဆောင်ရွက်မည့်
နေရာသို့ ဝင်ရောက်မည့်လမ်းများကိုလည်း စနစ်တကျဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်
လိုကြောင်း၊ စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့်
ဆက်သွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေးအခြားနည်းဖြင့်
အသုံးပြုခြင်းများကို တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုခြင်းမပြုရန် ကြပ်မတ်စေလိုကြောင်း
မှာကြား သည်။
လှည့်လည်ကြည့်ရှု
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ရောက်ရှိပြီး ပြည်ထောင်စုခန်းမကြီးနှင့်
အနော်ရထာရိပ်သာတို့အား ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့်
အဆောက်အဦများအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများကရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့်
အဆောက်အဦများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)
ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင် အဆောက်အဦများ ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အဦများပျက်စီးမှုများ
မရှိစေရေးစနစ်တကျဖြင့် ထိန်းသိမ်းထားရှိ ရန်လိုကြောင်း လမ်းညွှန်မှာကြား သည်။
အဆိုပါ
အမျိုးသားညီလာခံ ကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမ အဆောက်အဦတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစု အဖွဲ့
၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ (၇) ကြိမ် ကျင်းပခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) အတည်ပြု ပြဋ္ဌာန်းပြီးချိန်တွင် အဆိုပါ ညီလာခံခန်းမကြီးကို အသုံးပြုခြင်း
မရှိတော့ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ အားနည်း ခဲ့သဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း
လမ်းညွှန်မှာကြားချက်အရ ယခုအခါပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း
သတင်းရရှိ သည်။
သတင်းစဉ်


No comments:
Post a Comment