စစ်တွေ မေ ၂၀
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်း ထွန်းနောင်တို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ မုန်တိုင်းကြောင့်ပြိုလဲနေသော သစ်ပင်သစ်ကိုင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်နေခြင်း ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက်
လောကာနန္ဒာစေတီတော်မြတ်ကြီး၊ စကြမုနိသိမ်တော်စေတီနှင့် သာသနာ့ ဗိမာန်တို့ကိုရောက်ရှိပြီး
ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး ပြန်လည်ပြုပြင်ရေးကိစ္စများ
ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်
စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး သာသနာ့ဗိမာန်
အောက်ထပ်တွင်ခေတ္တသိုလှောင်ထားသော ရိက္ခာနှင့်ထောက့်ပံ့ရေး ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာမုန်တိုင်းဒဏ်သင့်
မြို့နယ်၊ ကျေးရွာများသို့အမြန်ပေးပို့ ထောက်ပံ့ရေးညှိနှိုင်း မှာကြားသည်။
ထို့နောက်
စစ်တွေမြို့ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် စစ်ရေယာဉ်(မုတ္တမ) ပေါ်မှ ထောက်ပံ့ရေး ပစ္စည်းများအားသက်ဆိုင်ရာမြို့နယ်များသို့
ပေးပို့ရန် သယ်ယူပို့ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်း သယ်ချမှုပိုမိုမြန်ဆန်ရေး
လိုအပ်သောအင်အား ထပ်မံဖြည့်တင်း ဆောင်ရွက်ရန် စီစဉ်မှာကြားခဲ့သည်။
ထို့နောက်
ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည်စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီး၌
ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ကျန်းမာရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်တို့က
ဆေးရုံကြီးအားပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြကြရာ
ထပ်မံလိုအပ်သည့် သွပ်ပြားများဖြည့်ဆည်းပေးပြီး ဆေးရုံအား အမြန်ပြုပြင်ပြီးစီးရေးနှင့်
သူနာပြု သင်တန်းကျောင်း ပျက်စီးမှုများကိုလည်း အမြန်ပြုပြင်ကာ ရပ်နား ထားသော သင်တန်းများပြန်လည်
ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍
ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဆိပ်ကမ်းဝင်းအတွင်း
သိုလှောင်ရုံ သို့ရောက်ရှိပြီး ဆန်၊ ဆီနှင့် ရိက္ခာထုပ်များ၊ တာပေါ်လင်စများ သိုလှောင်ထားရှိမှု၊
ဖြန့်ခွဲနေမှုနှင့် သိုလှောင်ရုံအမိုးများ ပြန်လည်မိုးကာပြီးစီးမှုတို့ကို ကြည့်ရှု
စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက်
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းပျက်စီးမှုများ ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်နှင့်မြို့နယ်ပညာရေးမှူးတို့အားတွေ့ဆုံ၍ စစ်တွေမြို့ပေါ်နှင့် မြို့နယ်များရှိအထက်တန်းကျောင်းများသန့်ရှင်းရေးနှင့်
ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြုပြင်နိုင်ရေး၊ သတ်မှတ်ရက်များ အတိုင်း ကျောင်းလက်ခံရေး၊
သင်ကြားရေးတို့ကိုဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင်
ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် အစိုးရအဖွဲ့ရုံး၌သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကမုန်တိုင်းဒဏ်ခံရသော ပြည်သူများအတွက် သောက်သုံး
ရေသန့်ရရှိရေး လျှပ်စစ်ဓာတ်အား သုံးစွဲရန်မလိုဘဲ ရွှေ့ပြောင်းသယ် ယူအသုံးပြုနိုင်သည့်
Life Straw ရေသန့်စင်စက်များအား ကြည့်ရှု စစ်ဆေးသည်။
၎င်းစက်များဖြင့်
စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်းမှသဘာဝရေကို သန့်စင်ရာ ကြည်လင်သန့်ရှင်းသည့် သောက်သုံးရေကိုရနိုင်ပြီး
တစ်နာရီလျှင် ၁၅ လီတာမှ လီတာ ၂၀ အထိ သန့်စင်ပေးနိုင်ကာ တစ်ရက်လျှင် လူဦးရေ ၁၀၀ အတွက်သောက်
သုံးရေလုံလောက်စွာ ထုတ်ပေးနိုင်ကြောင်း သိရသည်။
ရောက်ရှိပြီးဖြစ်သော
ထို ရေသန့်စင်စက် အလုံး ၅၀ ကို မုန်တိုင်းဒဏ်ခံရသော မြို့ရွာများ သို့ အမြန်ဖြန့်ခွဲပေးပို့
သွားမည်ဖြစ်ပြီး ဆက်လက်ရောက်ရှိလာမည့် အလုံး ၁၆၀ ကိုလည်း ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း
သိရသည်။
ညနေပိုင်းတွင်
ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော
သဘာဝဘေးပြန်လည် ထူထောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။
အစည်းအဝေးသို့
ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများတက်ရောက်ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးများကလည်း
ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင်
သဘာဝဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်း အဖွဲ့ ၁၂ ဖွဲ့မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုတင်ပြကြပြီး ဒုတိယဝန်ကြီးများကလည်း ဝန်ကြီးဌာနအလိုက်ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု
အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
အလားတူ
တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများကလည်း မိမိ တို့ခရိုင်အလိုက်
ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာလိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက်
ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသောဒေသများ
ပြန်လည်ထူထောင်နိုင်ရေးအတွက် ပိုမိုထိရောက်စေရေး ကြီးကြပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊
ထောက်ပံ့ရေးပစ္စည်းများ သက်ဆိုင်ရာဒေသများနှင့် ပြည်သူများလက်ဝယ်သို့စနစ်တကျနှင့် မြန်မြန်ဆန်ဆန်ရောက်ရှိရေး၊
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ် အလိုက်အရှိန်အဟုန်ဖြင့်ဆောင် ရွက်ပြီး
ပုံမှန်အခြေအနေရောက်အောင် ကြိုးစားဆောင်ရွက်ရေး၊ နောက်ဆက်တွဲ ကူးစက်ရောဂါ များမဖြစ်ပွားစေရန်
ကျန်းမာရေးကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး၊ ဌာနဆိုင်ရာများ အချင်းချင်းညှိနှိုင်းဆောင်ရွက်ပြီး
ပြည်သူများအင်အားဖြင့်ပါပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
တင်ထွန်း
(ပြန်/ဆက်)




No comments:
Post a Comment