နေပြည်တော် မေ ၁၀
ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီခိုလှုံရာစခန်း ၁၀ ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၉ ရက်တွင် ပလက်ဝမြို့၊ ကီမိုခန်းမ၌ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက အမှာစကားများအသီးသီးပြောကြားကြပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၁ စုလျှင် ဆန် ၁၀ ပြည်နှုန်းဖြင့် အိမ်ထောင်စု ၆၀၂ စုအတွက် ဆန်အိတ် ၂၅၁ အိတ်အားလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လူတစ်ဦးလျှင် ဆန် ၂ ပတ်စာအစား ထောက်ပံ့ငွေ ၄၂၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၂၅၈၅ ဦးအတွက် ထောက်ပံ့ငွေ ၁၀၈ သိန်း ၅ သောင်း ၇ ထောင်ကျပ်အားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အိမ်ထောင်စု ၆၀၂ စုအတွက် ကာလတန်ဖိုး သိန်း ၅၀ ခန့်ရှိ စားသောက်ကုန်များအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် တာဝန်ရှိသူများက ပလက်ဝမြို့ပေါ်ရှိ ယာယီခိုလှုံရေးစခန်းများအား လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment